မိုးအောင်

ဝီကီပီးဒီးယား မှ
ဗိုလ်ချုပ်ကြီး

မိုးအောင်
မိုးအောင် ၂၀၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၉ မေ ၂၀၂၄[၁]
ယခင်လူကိုကိုလှိုင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
၈ ဇန်နဝါရီ ၂၀၂၄ – ၁၉ မေ ၂၀၂၄
ယခင်လူရာထူးစတင်
ဆက်ခံသူအောင်ကျော်ဟိုး
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်
ကာကွယ်ရေးဦးစီးချုပ်(ရေ)
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၂၁ – ၈ ဇန်နဝါရီ ၂၀၂၄
ယခင်လူဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်
စစ်ဦးစီးအရာရှိချုပ်(ရေ)
တာဝန်သက်တမ်း
၂၀၁၅ – ၂၀၂၁
ယခင်လူဗိုလ်ချုပ်ကြီး တင်အောင်စန်း
ဆက်ခံသူဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်
ကိုယ်ရေး အချက်အလက်များ
ကြင်ဖော်(များ)အေးခိုင်ညွန့်
ဖခင်ဦးအောင်သောင်း
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
တပ်/တပ်ဖွဲ့ခွဲ တပ်မတော် (ရေ)
ရာထူး ဗိုလ်ချုပ်ကြီး
တပ်ကက(ရေ)

ဗိုလ်ချုပ်ကြီး မိုးအောင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်သည်။[၂]ယင်းမတိုင်ခင် သူသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီး[၃] နှင့် တပ်မတော်(ရေ)၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သည်။

စစ်မှုထမ်းဘဝ[ပြင်ဆင်ရန်]

သူသည် ဦးအောင်သောင်း၏ သားလည်းဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၂၈)မှဖြစ်ကာ ရေတပ်လေ့ကျင့်ရေးဌာနချုပ် (ယခင် - ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း)၊ စစ်ရေယာဉ်များ၊ ရေတပ်စခန်းများ၊ ဗျူဟာစစ်ရေယာဉ်စုများ၊ ရေတပ်စခန်းဌာနချုပ်များတွင် တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၁၅ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ရာထူး၌ တာဝန်ထမ်းဆောင်နေသူ ဗိုလ်ချုပ်ကြီး တင်အောင်စန်း မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်တွင် ၎င်း စစ်ဦးစီးချုပ်အရာရှိချုပ်(ရေ) ရာထူးသို့ ခန့်အပ်ခံခဲ့ရသည်။[၄]၂၀၂၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ကောင်စီဝင်သာမက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဖြစ်လာပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်အား ရေတပ်ဦးစီးချုပ်အဖြစ် ခန့်ထားလိုက်ခြင်းဖြစ်သည်။၂၀၂၁ ခုနှစ် ဧပြီလအတွင်း မြန်မာပိုင် ကိုကိုးကျွန်းနှင့်မဝေးသော အိန္ဒိယပိုင် ကပ္ပလီကျွန်းစုအနီး ကပ္ပလီပင်လယ်ပြင်တွင် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်ကြေညာထားချိန်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟု ကြေညာခဲ့ရာ[၅][၆] ဤသည်မှာ ဗိုလ်ချုပ်ကြီး မိုးအောင် ရေတပ်ဦးစီးချုပ်ဖြစ်လာပြီး ပထမဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။သူ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  တပ်မတော်(ရေ)၏ကာကွယ်ရေးဦးစီးချုပ် အဖြစ် ၂၀၂၄ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် အနားပေးသည်။

၂၀၁၇ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်​၏ ပြည်ပခရီးစဉ်တွင် အတူတွေ့ရစဉ်

ကိုးကား[ပြင်ဆင်ရန်]

  1. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Roscosmos State Space Corporation မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံMOI Myanmar (၁၉ မေ ၂၀၂၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ရေချုပ် အပါအဝင် ဗိုလ်ချုပ်တချို့ အပြောင်းအလဲဖြစ်BBC Burmese (၈ ဇန်နဝါရီ ၂၀၂၄)။ ၈ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ (၁၂) ကြိမ်မြောက် လုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိMOI Myanmar (၂၈ ဧပြီ ၂၀၂၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. "ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဖြစ်လာ"။ 
  5. တပ်မတော်က ဘင်္ဂလားပင်လယ်အော်အတွင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင် ၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်လေ့ကျင့်မှုများ ယနေ့စတင်မည် ဖြစ်ကြောင်း ထုတ်ပြန် (in my)။ Eleven Media Group (၄ ဧပြီ ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။
  6. ဘင်္ဂလားပင်လယ်အော်ထဲက မြန်မာရေတပ်ရဲ့ ရုတ်တရက် စစ်ရေးလေ့ကျင့်မှု (in my) (၄ ဧပြီ ၂၀၂၁)။ ၁၀ ဖေဖော်ဝါရီ ၂၀၂၂ တွင် ပြန်စစ်ပြီး။