မာတိကာသို့ ခုန်သွားရန်

စစ်တက္ကသိုလ် (ပြင်ဦးလွင်)

ဝီကီပီးဒီးယား မှ
Defence Services Academy (DSA)
စစ်‌တက္ကသိုလ်
ဆောင်ပုဒ်နောင်တစ်ခေတ်၏ အောင်စစ်သည်များ
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်
The Triumphant Elites of the Future
တည်ထောင်၁၉၅၄; ၇၀ နှစ် အကြာက (၁၉၅၄)[၁]
နှီးနွယ်အဖွဲ့အစည်းကာကွယ်ရေး ဝန်ကြီးဌာန ၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး
ဒုအဓိပတိဗိုလ်မှူးချုပ် အောင်ဝင်းဌေး
ပါမောက္ခချုပ်ဗိုလ်မှူးချုပ် သိန်းလွင် (စာပေညွှန်ကြားရေးမှူး)
ကျောင်းအုပ်ကြီးဗိုလ်မှူးချု​ပ် ဟန်လင်းထိုက်
ဆရာဦးရေ
၃၀၀
သင်တန်းသား၇၅၀၀
ဘွဲ့ကြိုဦးရေ၅၀၀၀
ဘွဲ့လွန်ဦးရေ၁၅၀၀
ပါရဂူသင်တန်းသား
၅၀
တည်နေရာပြင်ဦးလွင်မြို့, မန္တလေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ကိုဩဒိနိတ်: 22°01′26.68″N 96°26′55.27″E / 22.0240778°N 96.4486861°E / 22.0240778; 96.4486861
  • လက်မောင်းတံဆိပ်
  • အလံတော်

စစ်တက္ကသိုလ် (Defence Services Academy - DSA) သည် အရှေ့တောင်အာရှတွင် စစ်ပညာနှင့် တက္ကသိုလ်ပညာ ကိုပူးတွဲသင်ကြားကာ စစ်ဗိုလ်အရာရှိများအား မွေးထုတ်ပေးသည့် တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့တွင် တည်ရှိသည်။ နည်းပြအရာရှိပေါင်း (၂၀၀) ခန့်နှင့် သင်တန်းသားဗိုလ်လောင်းပေါင်း (၆၅၀၀) ခန့် ရှိသည်။ ဆောင်ပုဒ်မှာ နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်သည်။ ၂၀၂၀ ခုနှစ်တွင် အမှတ်စဉ် (၆၂) သင်တန်းအား ကျောင်းဆင်း ပေးနိုင်ခဲ့သည်။ သင်တန်း ကာလကို ယခင်က (၄) နှစ် သင်ကြားခဲ့ရာမှ ၁၉၉၈ ခုနှစ်၊ သင်တန်း အမှတ်စဉ် (၄၂) မှစတင် ၍ သင်တန်းကာလ (၃) နှစ် သတ်မှတ်ခဲ့သည်။ ဝိဇ္ဇာဘွဲ့ ၊ သိပ္ပံဘွဲ့နှင့် ကွန်ပျူတာ သိပ္ပံဘွဲ့များ အတွက် သင်ကြားပေးသည်။ ယခု BA ဘွဲ့သင်တန်းများကို မသင်ကြားတော့ပေ။ မဟာဘွဲ့ သင်တန်းများလည်း ဖွင့်လှစ်လျက် ရှိသည်။ အမျိုးသမီး သင်တန်းသားများ လက်ခံခြင်း မရှိပေ။ ၎င်းအပြင် လက်နက်ကိုင်ပညာ၊ တိုက်ခိုက်ရေး၊ ဗျူဟာ၊ စစ်ရေးပြ စသော စစ်ပညာကိုလဲ ပူးတွဲ သင်ကြားပေးသည်။ အမှတ်စဉ် (၅၆) သင်တန်း မှစတင် ၍ သင်တန်းကာလ (၄) နှစ် ပြန်သတ်မှတ်ခဲ့သည်။

အနော်ရထာ(အနီ)၊ ဘုရင့်နောင်(အပြာ)၊ အောင်ဇေယျ(အဝါ)ဟူသော ဗိုလ်လောင်းတပ်ရင်း ၃ရင်း တပ်ခွဲ ၂၁ ခွဲ(တစ်ရင်းလျှင် ၇ ခွဲ)ဖြင့် ဗိုလ်လောင်းများကို Senior-Junior စနစ်ဖြင့် စစ်စည်းကမ်းများဖြင့် တင်းကျပ်စွာ အုပ်ချုပ်ကွပ်ကဲသည်။ စစ်တက္ကသိုလ် တက်ရောက်မည့် ဗိုလ်လောင်းများကို နှစ်စဉ် သတင်းစာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ လူငယ်လူရွယ်များကို ခေါ်ယူပြီး ဝင်ခွင့်စာမေးပွဲများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များတွင် ပြုလုပ်ကာ ဗိုလ်ရွေးအဖွဲ့မှတဆင့် ခေါ်ယူခြင်း ဖြစ်သည်။ ထို့နောက် ဗိုလ်လောင်းများကို ဆေးစစ်ခြင်းပြုလုပ်ကာ ဆန်ကာတင်ရွေးချယ်ကာ ဆေးအောင်ဗိုလ်လောင်းများကိုသာ အတည်ပြုရွေးချယ်သည်၊၊ ဗိုလ်လောင်း သင်တန်းမှာ ၄ နှစ်ကာလကြာမြင့်ပြီး စစ်ပညာကိုသာမက တက္ကသိုလ်ပညာကိုပါ သင်ကြားပေးသည်။ သင်တန်းဆင်းသည်နှင့် တပ်မတော်(ကြည်းရေလေ တစ်ခုခုတွင်) ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ် အဖြစ်ခန့်အပ်ပေးသည်။

စစ်တက္ကသိုလ်တွင် အခြေခံသိပ္ပံပညာရပ်များ၊ စစ်သုံးသိပ္ပံဘာသာရပ်များ၊ လူမှုသိပ္ပံဘာသာရပ်များကို သင်ကြားပို့ချပေးသည်။ စစ်ပညာနှင့် စပ်လျဉ်း၍ အရာရှိငယ်များအဖို့ လိုအပ်သော တပ်မတော်၏ အစဉ်အလာများကိုလည်းကောင်း၊ သမားရိုးကျစစ်နှင့် ပြည်သူ့စစ်အတွက် သင်ကြားလေ့ကျင့်မှုကိုလည်းကောင်း၊ ယေဘူယျစစ်အခြေခံသဘောတရားများကိုလည်းကောင်း စစ်တက္ကသိုလ် သင်တန်းနှစ်အလိုက် ပိုင်းခြားကာ စာပေပညာ သင်ကြားမှုနှင့်အတူ လေ့ကျင့်ပေးသည်။ စစ်တက္ကသိုလ်သင်တန်းမပြီးဆုံးမီ နောက်ဆုံးခြောက်လတွင် တပ်စုတစ်စုကို ပိုင်နိုင်စွာ ကွပ်ကဲခေါင်းဆောင်၍ တိုက်ပွဲဝင်နိုင်သော တပ်စုမှူးကောင်းတစ်ဦးဖြစ်စေရန် လေ့ကျင့်ပေးသည်။ စစ်တက္ကသိုလ်၏ လက်ရှိ အကြီးအကဲများမှာ အောက်ပါအတိုင်းဖြစ်သည်-

  • ဗိုလ်မှူးချုပ်ဟန်လင်းထိုက် - ကျောင်းအုပ်ကြီး
  • ဗိုလ်မှူးချုပ် နေမျိုး‌အောင် -ဒုတိယကျောင်းအုပ်ကြီး
  • ဗိုလ်မှူးချုပ်သိန်းလွင် - ပါမောက္ခချုပ် (စာပေညွှန်ကြားရေးမှူး)

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စစ်တက္ကသိုလ်ကို ၁၉၅၅ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဗထူးတပ်မြို့၌ တပ်မြို့ဖွင့်လှစ်ပွဲနှင့်အတူ ဖွင့်လှစ်ခဲ့၏။ ၁၉၅၇ ဇွန်လ (၁) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။[၂] စစ်တက္ကသိုလ်ကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ တပ်မတော် ကြည်း၊ ရေ၊ လေ တို့တွင် အနာဂတ်၌ ခေါင်းဆောင်ကြမည့် အရာရှိကောင်းများရရှိနိုင်စေရန် ဖြစ်၏။ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဗိုလ်မှူးကြီး ကျော်စိုး ဖြစ်သည်။

၁၉၅၃ ခုနှစ် ရန်ကုန်တက္ကသိုလ် (ပြင်ဆင်ချက်) အက်ဥပဒေအရ စစ်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်းတစ်ခုဖြစ်၏။ စစ်တက္ကသိုလ်သင်တန်း လေးနှစ် ပြီးဆုံးအောင်မြင်သော ဗိုလ်လောင်းသည် တပ်မတော်ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခြင်းခံရပြီးလျှင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့ကိုလည်း ရမည်ဖြစ်သည်။ ၁၉၆၄ ခုနှစ် တော်လှန်ရေးအစိုးရ၏ တက္ကသိုလ်ပညာရေး ဥပဒေသစ်အရ စစ်တက္ကသိုလ်သည် သီးခြားတက္ကသိုလ်အဖြစ်သို့ ရောက်ရှိခဲ့သည်။ ချီးမြှင့်သောဘွဲ့ကိုလည်း မူလက ဝိဇ္ဇာ/သိပ္ပံဘွဲ့များအစား "စစ်ပညာသိပ္ပံဘွဲ့" ဟု သတ်မှတ်သည်။ သို့ရာတွင် ၁၉၆၅ ခုနှစ်တွင် ဝိဇ္ဇာ/သိပ္ပံဟူ၍ ပြန်လည်ပြင်ဆင်ခဲ့သည်။ စစ်တက္ကသိုလ်ကို ကာကွယ်ရေးဌာနလေ့ကျင့်ရေးနှင့် စီမံရေးညွှန်ကြားရေးမှူးက တိုက်ရိုက်အုပ်ချုပ်ပြီးလျှင် စစ်ဘက်လေ့ကျင့်ရေးကိစ္စအဝဝကိုလည်း ညွှန်ကြားသည်။ စစ်တက္ကသိုလ်၏ စစ်သုံးသိပ္ပံပညာရပ်များ သင်ကြားပို့ချမှုကိုလည်း ညှိနှိုင်းသတ်မှတ်ပေးသည်။

ကျောင်းအုပ်ကြီးများ[ပြင်ဆင်ရန်]

ကျောင်းအုပ်ကြီးများ ကာလ မှတ်ချက်
ဗိုလ်မှူးကြီး ကျော်စိုး (ကြည်း-၃၅၂၆) ၁.၈.၁၉၅၄ မှ ၇.၃.၁၉၅၇ ထိ
ဗိုလ်မှူးကြီး သန်းစိန် (ကြည်း-၃၆၇၄) ၈.၃.၁၉၅၇ မှ ၂၆.၅.၁၉၅၇ ထိ
ဗိုလ်မှူးကြီး အယ်လ်ခွန်နောင် (ကြည်း-၅၁၈၉) ၉.၁၀.၁၉၅၇ မှ ၃၀.၁၀.၁၉၆၈ ထိ
ဗိုလ်မှူးကြီး ထွန်းအောင်ကျော် (ကြည်း-၅၆၀၄)(ဗသက-၂) ၁.၁၁.၁၉၆၈ မှ ၂၈.၅.၁၉၇၈ ထိ
ဗိုလ်မှူးကြီး ကျော်ငြိမ်း (ကြည်း-၅၈၆၄) ၂၉.၅.၁၉၇၂ မှ ၃၁.၇.၁၉၇၅ ထိ
ဗိုလ်မှူးကြီး ခင်မောင်တင့် (ကြည်း-၆၅၃၄) ၁.၈.၁၉၇၅ မှ ၃၀.၆.၁၉၇၇ ထိ
ဗိုလ်မှူးကြီး အေးကို (ကြည်း-၆၅၃၃)(အင်္ဂလန်နိုင်ငံ ဆင်းဟဒ်စစ်တက္ကသိုလ်ဆင်း) ၁.၇.၁၉၇၇ မှ ၃.၁၀.၁၉၇၉ ထိ
ဗိုလ်မှူးကြီး အောင်ဝင်း (ကြည်း-၇၂၃၄)(ဗသက-၁၅) ၄.၁၀.၁၉၇၉ မှ ၁၉.၈.၁၉၈၁ ထိ
ဗိုလ်မှူးကြီး စိန်ရ (ကြည်း-၆၈၀၀) ၂၀.၈.၁၉၈၁ မှ ၂၂.၅.၁၉၈၂ ထိ
ဗိုလ်မှူးကြီး သိန်းဆိုင် (ကြည်း-၈၆၉၄)(ဗသက-၂၇) ၂၃.၅.၁၉၈၂ မှ ၁၀.၁၀.၁၉၈၆ ထိ
ဗိုလ်မှူးကြီး အောင်နိုင် (ကြည်း-၈၇၉၀)(ဗသက-၂၈) ၁၈.၁၀.၁၉၈၆ မှ ၅.၈.၁၉၉၂ ထိ
ဗိုလ်မှူးချုပ် စိုးဝင်းမောင် (ကြည်း-၁၀၉၃၃) ၆.၈.၁၉၉၂ မှ ၁၀.၁၂.၁၉၉၇ ထိ
ဗိုလ်မှူးချုပ် တင်ဝင်း (ကြည်း-၁၃၀၅၃)(စတသ-၁၆) ၁၁.၁၂.၁၉၉၇ မှ ၄.၁.၁၉၉၉ ထိ
ဗိုလ်မှူးချုပ် မိုးဟိန်း (ကြည်း-၁၁၄၀၂)(စတသ-၁၀) ၅.၁.၁၉၉၉ မှ ၂၇.၈.၁၉၉၉ ထိ
ဗိုလ်မှူးချုပ် တင်ဦး (ကြည်း-၁၃၂၉၃)(စတသ-၁၆) ၂၈.၈.၁၉၉၉ မှ ၁၄.၅.၂၀၀၁ ထိ
ဗိုလ်မှူးချုပ် ရဲမြင့် (ကြည်း-၁၂၆၀၇)(စတသ-၁၅) ၂၀.၅.၂၀၀၁ မှ ၂၂.၁၂.၂၀၀၁ ထိ
ဗိုလ်မှူးချုပ် ခင်ဇော် (ကြည်း-၁၃၂၄၂)(စတသ-၁၆) ၂၃.၁၂.၂၀၀၁ မှ ၁၉.၅.၂၀၀၂ ထိ
ဗိုလ်မှူးချုပ် အုန်းမြင့် (ကြည်း-၁၃၉၀၃)(စတသ-၁၇) ၁၇.၇.၂၀၀၂ မှ ၃၀.၈.၂၀၀၃ ထိ
ဗိုလ်မှူးချုပ် မင်းအောင်လှိုင် (ကြည်း-၁၄၂၃၂)(စတသ-၁၉) ၃၁.၈.၂၀၀၃ မှ ၆.၁၁.၂၀၀၄ ထိ
ဗိုလ်မှူးချုပ် ညီထွန်း (ကြည်း-၁၄၈၅၈)(စတသ-၂၀) ၄.၅.၂၀၀၅ မှ ၂၇.၅.၂၀၀၆ ထိ
ဗိုလ်မှူးချုပ် ကျော်ဆွေ (ကြည်း-၁၆၄၉၃)(စတသ-၂၂) ၁၁.၈.၂၀၀၆ မှ ၆.၁၁.၂၀၀၇ ထိ
ဗိုလ်မှူးချုပ် ဇေယျာအောင် (ကြည်း-၁၆၃၀၅)(စတသ-၂၂) ၇.၁၁.၂၀၀၇ မှ ၃၁.၈.၂၀၁၀ ထိ
ဗိုလ်မှူးချုပ် မြထွန်းဦး (ကြည်း-၁၈၁၃၃)(စတသ-၂၅) ၁.၉.၂၀၁၀ မှ ၂၆.၁၂.၂၀၁၀ ထိ
ဗိုလ်မှူးချုပ် ညိုစော (ကြည်း-၁၆၇၆၇)(စတသ-၂၃) ၇.၅.၂၀၁၁ မှ ၁.၁၀.၂၀၁၁ ထိ
ဗိုလ်ချုပ် အောင်လင်းဒွေး (ကြည်း-၁၈၂၆၃)(စတသ-၂၅) ၂.၁၀.၂၀၁၁ မှ ၁၇.၁.၂၀၁၄ ထိ
ဗိုလ်ချုပ် မြင့်မော် (ကြည်း-၁၉၅၅၉)(စတသ-၂၇) ၁၉.၁.၂၀၁၄ မှ ၆.၁.၂၀၁၇ ထိ
ဗိုလ်ချုပ် သောင်းထိုက်ရွှေ (ကြည်း-၂၃၁၈၅)(စတသ-၃၃) ၇.၁.၂၀၁၇ မှ ၇.၃.၂၀၁၈ ထိ
ဗိုလ်ချုပ် ထင်လတ်ဦး (ကြည်း-၂၅၀၉၉)(စတသ-၃၅) ၂၁.၆.၂၀၁၈ မှ ၁.၈.၂၀၂၀ ထိ
ဗိုလ်ချုပ် ဇော်ဟိန်း (ကြည်း-)(စတသ-၃၈) ၂၅.၇.၂၀၂၀ မှ ၂၈.၈.၂၀၂၁
ဗိုလ်ချုပ် ဇော်မင်းလတ် (ကြည်း-၂၇၁၈၃)(စတသ-၃၇) ၂၈.၈.၂၀၂၁ - ၂၀၂၃
ဗိုလ်ချုပ် စိုးမြတ်ထွဋ် (ကြည်း-၃၀၄၆၀) ၂၀၂၃ - ၂၀၂၄

ထင်ရှားသော စစ်တက္ကသိုလ်ကျောင်းဆင်းများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၏ သမ္မတဟောင်း ဦးသိန်းစိန်သည်. စစ်တက္ကသိုလ်အပတ်စဉ် (၉) မှ ကျောင်းဆင်းခဲ့သူဖြစ်သည်။ ထို့အပြင် ယခင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(အငြိမ်းစား) သည် စစ်တက္ကသိုလ် အမှတ်စဉ် (၁)သင်တန်းဆင်းဖြစ်ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး- ဦးသောင်း(DSA-1 အောင်စစ်သည်) (အငြိမ်းစား) ၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း (DSA-11) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ၊ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး (DSA-12) ဒုသမ္မတနှင့် ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်(DSA-18) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (DSA-19) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်နှင့် တိုင်းမှူး တပ်မမှူး စသော တပ်မတော်အရာရှိကြီးအများစုမှာ သည် စစ်တက္ကသိုလ် ဆင်းများ ဖြစ်ကြသည်။

ပြခန်း[ပြင်ဆင်ရန်]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Helen James (2005)။ Governance and Civil Society in Myanmar။ Routledge။ p. 102ISBN 978-0-415-35558-2
  2. Kyi Kyi Hla (2001-04-01). "Valiant Sons of Myanmar". Myanmar Perspectives.  မော်ကွန်းတင်ပြီးမိတ္တူ။ 24 November 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2018 တွင် ပြန်စစ်ပြီး။
  3. မင်းအောင်လှိုင်နှင့် မဂ္ဂဇင်းပြုစုရေးအဖွဲ့ (၂၀၀၄)။ စစ်တက္ကသိုလ် နှစ်(၅၀)ပြည့် ရွှေရတုမဂ္ဂဇင်းပြင်ဦးလွင်: စစ်တက္ကသိုလ်။ pp. ၂၂၊ ၂၃။