၀၃၀၇ စစ်ဆင်ရေး

ဝီကီပီးဒီးယား မှ
၀၃၀၇ စစ်ဆင်ရေး
ပြည်သူ့ခုခံတော်လှန်စစ်၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၇ မတ် ၂၀၂၄ - လက်ရှိ
(2 months and 6 days)
နေရာကချင်ပြည်နယ်
အခြေအနေ ဖြစ်ပွားနေဆဲ
နယ်နမိတ်
ပြောင်းလဲမှုများ
မြစ်ကြီးနား-ဗန်းမော်လမ်းတလျောက် စစ်ကောင်စီစခန်း ၇၀ ကျော်အား ကချင်တပ်ဖွဲ့များက သိမ်းပိုက်ထား[၁][၂]
စစ်ရင်ဆိုင်သည့် နိုင်ငံများ
 တပ်မတော် ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ကချင်ပြည်နယ်အခြေစိုက် အခြားတော်လှန်ရေးအဖွဲ့များ
တပ်မှူးများနှင့် ခေါင်းဆောင်များ
ပါဝင်သည့် တပ်ဖွဲ့များ

 တပ်မတော်

ပြည်သူ့စစ်အဖွဲ့များ

အခြား စစ်အာဏာရှင် ဆန့်ကျင်ရေးအဖွဲ့များ

စစ်အင်အား
မသိရှိရ ၂၁,၅၀၀+
အသေအပျောက်
၄၀ ကျော် သေဆုံး
"၁၀၀ ကျော် လက်နက်ချ"[၁]
၆ ဦးကျော် သေဆုံး

၀၃၀၇ စစ်ဆင်ရေး ဟုလည်း သိကြသော ကချင်ပြည်နယ်တွင် ဆောင်ရွက်နေသော ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)၏ ထိုးစစ်သည် ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ကောင်စီ တပ်မတော်အား တိုက်ခိုက်သည့် စစ်ဆင်ရေးတစ်ခု ဖြစ်သည်။ မြစ်ကြီးနားနှင့် ဗန်းမော်အကြား လမ်းတလျောက်တွင် အဓိကထိုးစစ်ဆင်နေသည့် ၀၃၀၇ စစ်ဆင်ရေးသည် ကေအိုင်အေ၏ ဌာနချုပ် လိုင်ဇာမြို့အား ခြိမ်းခြောက်နေသည့် စစ်ကောင်စီ ဗျူဟာစခန်းများအား သိမ်းပိုက်ရန်ဖြစ်သည်။[၄]

ယခင်ထိုးစစ်များ[ပြင်ဆင်ရန်]

ဖားကန့်[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်မြောက်ပိုင်း[ပြင်ဆင်ရန်]

တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့အား တရုတ်ကြားဝင်စေ့စပ်သော ရှမ်းမြောက်အပစ်အခတ်ရပ်စဲရေးအပြီးတွင် ကချင်လွတ်မြောက်ရေးတပ်မတော်၊ ကချင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတို့သည် မိုးမိတ်ခရိုင်ကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်တစ်ခုကို စတင်ခဲ့သည်။ ဇန်နဝါရီ ၁၈ ရက်နေ့တွင် မဟာမိတ်အဖွဲ့များက မိုးမိတ်မြို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မိုးမိတ်ရဲစခန်းနှင့် အနီးရှိ ရွာနှစ်ရွာကို သိမ်းပိုက်ခဲ့သည်။[၅] စစ်ကောင်စီတပ်များက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။[၆] မိုးမိတ်ထိုးစစ်အတွင်း ကေအိုင်အေနှင့် မဟာမိတ်တပ်များသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မဘိမ်းမြို့နယ်တွင်လည်း တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်နေ့တွင် မဘိမ်းမြို့နှင့် မဘိမ်းမြို့နယ်၏ ဒေသအများအပြားကို သိမ်းပိုက်ခဲ့သည်။[၇] ထိုနေ့မှာပင် မံစီမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၇ ဦးသည် တရုတ်-မြန်မာနယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးသွားခဲ့ကြသည်။[၈] မတ်လ ၂၅ ရက်နေ့တွင် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် မိုးမိတ်မှ ဆုတ်ခွာခဲ့သည်။ မတ်လ ၂၆ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဖတ်ကာရွာကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၉]

တီအန်အယ်လ်အေ နှင့် တင်းမာမှု[ပြင်ဆင်ရန်]

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်နှင့် မဟာမိတ်များဖြစ်ကြသော ကေအိုင်အေနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ)တို့သည် ဖေဖော်ဝါရီလတွင် တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကေအိုင်အေတပ်သား ၅၀ သည် တီအန်အယ်လ်အေက ဇန်နဝါရီလက သိမ်းပိုက်ထားသော ကွတ်ခိုင်မြို့သို့ ဝင်ရောက်ခဲ့သည်။ တီအန်အယ်လ်အေစစ်ဆေးရေးဂိတ်တွင် ညအိပ်နေမည်မဟုတ်ကြောင်း ပြောဆိုခဲ့သော်လည်း ကချင်တော်လှန်ရေးနေ့ကို ကျင်းပရန် မြို့လည်သို့ သွားရောက်ခဲ့ကာ အလံလွှင့်ထူခြင်းနှင့် စစ်သားစုဆောင်းခြင်းများကို ပြုလုပ်ခဲ့ကြသည်။ ယင်းအတွက် တီအန်အယ်လ်အေက အလံများဖယ်ရှားကာ အရပ်သားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။[၁၀] နမ့်ဖတ်ကာမှ ကွတ်ခိုင်မြို့သို့ ကေအိုင်အေက ဝင်ရောက်မည်ဟူသော ကောလဟာလများကြောင့် ကွတ်ခိုင်မြို့ခံများက တပ်ဖွဲ့နှစ်ခုအကြား တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခဲ့ကြသည်။[၁၀]

၀၃၀၇ စစ်ဆင်ရေး[ပြင်ဆင်ရန်]

မတ်လ ၇ ရက်နေ့တွင် ကေအိုင်အေသည် ကချင်ပြည်နယ် အရှေ့ပိုင်းရှိ စစ်ကောင်စီစခန်း ဆယ်ခုကျော်အား တပြိုင်နက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တိုက်ခိုက်မှုများသည် ဗန်းမော်နှင့် မြို့တော် မြစ်ကြီးနားလမ်းတလျောက်နှင့် လိုင်ဇာမြို့ဝန်းကျင်တို့တွင် ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများသည် ကချင်ပြည်နယ်အတွင်း ကြီးမားသော ထိုးစစ်တစ်ခုစတင်ခြင်းအဖြစ် ဖော်ပြခဲ့ကြပြီး ယင်းထိုးစစ်စတင်သည့် ရက်အား အစွဲပြုကာ "၀၃၀၇ စစ်ဆင်ရေး"ဟု အချို့က ခေါ်ဆိုခဲ့ကြသည်။[၁၁] မတ်လ ၈ ရက်နေ့အပြီးတွင် လိုင်ဇာမြို့နှင့် အနီးဆုံးရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းတစ်ခုအပါအဝင် အခြေစိုက်စခန်းကြီး သုံးခုနှင့် စစ်စခန်းများစွာကို သိမ်းပိုက်ခဲ့သည်။[၁၂] တိုက်ပွဲများအတွင်း စစ်ကောင်စီကို ထောက်ခံသည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းသည် အောင်မြေသစ်ရွာတွင် သေဆုံးခဲ့သည်။ [၃]

မတ်လ ၈ ရက်နေ့တွင် ဆွမ်ပရာဘွမ်၏ မြောက်ဘက်ရှိ စစ်ကောင်စီစခန်းအား ကေအိုင်အေက သိမ်းပိုက်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့တွင် မြို့နှင့် မြို့စောင့်တပ်အား ဆက်လက်တိုက်ခိုက်ခဲ့သည်။[၁၃]

မတ်လ ၂၂ ရက်နေ့တွင် လိုင်ဇာမြို့ဝန်းကျင်ရှိ ရှေ့တန်းစခန်းများအားလုံး၊ မြို့နယ် ၅ မြို့နယ်ရှိ တပ်ရင်းဌာနချုပ်များနှင့် ပါဂျောင်အနီးရှိ စခန်းများအပါအဝင် မြစ်ကြီးနား-ဗန်းမော်လမ်းရှိ စစ်ကောင်စီ၏ စစ်စခန်း ၅၀ ကျော်နှင့် ဗျူဟာကုန်း ၁၃ ခုအား ကေအိုင်အေက သိမ်းပိုက်နိုင်ခဲ့သည်။[၁]

မတ်လ ၂၈ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီစခန်းနှစ်ခုကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။[၁၄] ဧပြီလ ၁ ရက်နေ့တွင် ဗန်းမော်-လွယ်ဂျယ်လမ်းကို ကေအိုင်အေက ထိန်းချုပ်နိုင်ခဲ့သည်။[၁၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ "KIA: Nine Myanmar Junta Strongholds Seized in Two Days"၊ The Irrawaddy၊ 23 March 2024။ 
  2. "KIA Captured Over 70 Junta Military Installations in Two-Month Offensive"၊ Myitkyina Journal၊ 30 April 2024။ 
  3. ၃.၀ ၃.၁ "Junta-allied Lisu militia leader killed in battle with Kachin forces" (in en)၊ Myanmar Now၊ 8 March 2024။ Archived from the original on March 8, 2024။ 
  4. "KIA Attacks Over 10 Myanmar Military Outposts on Road Near China Border"၊ The Irrawaddy၊ 7 March 2024။ 
  5. "Junta attacks northern Shan State town by air in attempt to halt Kachin forces"၊ Myanmar Now၊ 19 January 2024။ 
  6. "Four Myanmar Junta Battalions Surrounded in Shan Town"၊ The Irrawaddy၊ 18 January 2024။ 
  7. "KIA-Led Troops Seize Another Shan Town From Myanmar Junta"၊ The Irrawaddy၊ 22 January 2024။ 
  8. "Myanmar Junta Troops Escape to China After KIA Attack"၊ The Irrawaddy၊ 22 January 2024။ 
  9. "Junta Battalion Controlling Myanmar-China Trade Route Surrenders to KIA"၊ The Irrawaddy၊ 26 January 2024။ 
  10. ၁၀.၀ ၁၀.၁ "Tension High Between KIA and TNLA in Northern Shan State"၊ The Irrawaddy၊ 14 February 2024။ 
  11. "KIA mounts new offensive, targeting air base, outposts near Myitkyina and Laiza" (in en)၊ Myanmar Now၊ 7 March 2024။ 
  12. "KIA and allies seize three large Myanmar army bases near Laiza" (in en)၊ Myanmar NOW၊ 8 March 2024။ 
  13. "KIA, allies continue bid to take full control of northern Kachin town" (in en)။ 
  14. Myanmar Junta Loses Another Town, More Bases in Four Days of Resistance AttacksThe Irrawaddy (2024-03-29)။
  15. "Myanmar Junta Loses More Bases, Scores of Troops in Five Days of Resistance Attacks"၊ The Irrawaddy၊ 1 April 2024။