ထူးမခြားနား

ဝီကီပီးဒီးယား မှ

ထူးမခြားနား သို့မဟုတ် ထူးမခြားနားသီချင်းခံကြီးကို မြဝတီမင်းကြီးဦးစက ဘကြီးတော်မင်းတရားကြီးလက်ထက်တွင် ရေးသားခဲ့သည်။ စွယ်တော်ရောင်ခြည် သီချင်းခံကြီးဟုလည်း အမည်တွင်သည်။

သီချင်းစာသား[ပြင်ဆင်ရန်]

ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့များထွေ၊ ထူးထွေတည့် အံ့ရာသော် x ရွှန်းရရွှန်းလင်း၊ စိန်းပြာဖြူဝင်း၊ နေရောင်ခြည်လင်း ထွန်းလို့လို့၊ ရွှန်းဝေ များထွေတည့် အံ့ရာပင် x ဘုန်းတန်းခိုးလဲ၊ နှိုင်းဆိုရာဘဲ တူမည်မှာလဲ ရဲရဲဝင်းပြောင်၊ နေမင်း လမင်း သိန်းရာထောင်၊ ရည်ဆောင် ပြိုင်ခိုင်း နှိုင်းတူရာဘဲကို x ဖြူနီညိုပြာ၊ ထွေလာတည့် ထူးထူးဆန်း- ထူးထူးဆန်း၊ တေဇာရောင်ထွန်း ရွှန်းရရွှန်းမြိုင်၊ ဖြာဖြာ-ဝေမြိုင်စိုးပိုင် x မပြိုတူရေး၊ နှိုင်းရာ ယှဉ်ဝေး၊ နေမတူရေး၊ ဘုန်းမွှေးဝင်းပြောင်၊ မြူမှောင်တည့်ပယ်ခွါ၊ ကြေညာလင်းပွင့်၊ ထွန်းဝင်းထွန်းဝင်း၊ လျှံပေါ်လျှံပေါ် စွယ်တော်စွယ်တော်စွယ်တော်ကျောင်းက၊ ခြောက်ဖြာရောင်ခြည် လွှတ်သည်နှင့်သာ၊ သုံးပါးလောက နှိုင်းဧ နှိုင်းဧ၊ ကယ်ယူကယ်ယူ၊ ဉာဏ်ပန်းဉာဏ်ပန်း မွှေးလှိုင်ကြူ မဥ္ဇူငုံကင်း၊ ထွန်းရောင်ဝါလင်းရှင်x တေဇာရွှင်ရွှင် ပေါ်လွင်တည့် လျှမ်းလျှမ်းဖြိုး လျှမ်းလျှမ်းဖြိုး အာဏာကျော်ဟိုးဘုန်းတန်ခိုးရောင်၊ ဝေဝေရွှန်းပြောင်၊ သိန်းထောင် x အခေါင်ဉာဏ်ပန်း ထွန်းရောင်ဝါလန်း ဇေတဝန်နန်း ခြားသန်းလေသာ၊ စံဆောင်တည့်လယ်ချာ၊ ဘုံသာနန်းမ ထွန်းဝင်း ထွန်းဝင်း၊ လျှံပေါ် လျှံပေါ်၊ ရောင်တော် ရောင်တော်၊ ရောင်တော်ဖြိုးမြင့် အံ့လေဖွယ်ရာ လွတ်သည်နှင့်သာပင် x သျှင်ရင်းမြတ် စကြာမွန်ငယ်ကိုလေ - တင်ထိပ်ဦး စုံဖူးတည့် ရှိကြာငုံ။ ။ မဟာဂီတပေါင်းချုပ်ကြီး [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာဂီတပေါင်းချုပ်ကြီး, http://www.kbrl.gov.mm/book/details/003041?categoryId=34