အရှိန်

ဝီကီပီးဒီးယား မှ
(အရှိန်ပြောင်းနှုန်း မှ ပြန်ညွှန်းထားသည်)
ဤဆောင်းပါးသည် ရူပဗေဒသုံးသေဘာအတိုင်းလျှင် အလျင်ပြောင်းလဲနှုန်း (acceleration) အကြောင်း ဖြစ်သည်။ ရွေ့လျားမှု၏ ပမာဏကို မြန်မာစကားဖြင့် "အရှိန် (သို့) အဟုန် (သို့) အရှိန်အဟုန် (momentum)" ဟု ဖော်ပြလိုရင်းရှိသည့် ရူပဗေဒတိုင်းဖွယ်အကြောင်း အတွက် [[အရှိန်အဟုန် (momentum)]] ကို ကြည့်ပါ။
အလျင်ပြောင်းနှုန်း (Acceleration)
(ကမ္ဘာဂြိုဟ်နှင့် ဆွဲအား ကဲ့သို့သော) ဒြပ်ဆွဲအား ကြောင်း ဒြပ်ထုများ ပြုတ်ကျခြင်း (ဂြိုဟ်မျက်နှာပြင်၊ မြေပြင်သို့ ပြေးကပ်ခြင်း) ဖြစ်။ (လေခုခံအားမရှိသော) ဗလာနယ်ဖြစ်နေလျှင် ဒြပ်ထုတခုခု၏ ထိုပြုတ်ကျမှု အလျင်ပြောင်းနှုန်းသည် ကိန်းသေ ဖြစ်နေမည်။ ဆိုလိုသည်မှာ - ပြုတ်ကျစ၌ နှေး၍ တဖြည်းဖြည်း မြန်လာခြင်း၊ စသည်တို့ကို အလျင် ဖြစ်ပေါ်ပြောင်းလဲနေခြင်းအဖြစ် မြင်တွေ့ရစဉ်၊ ထိုသို့ ပြုတ်ကျနေသည့်အလျင် ပြောင်းနှုန်းကို တွက်ကြည့်လျှင် ကိန်းသေ ဖြစ်နေပြီး ထိုကိန်းသေပမာဏ ကြီးခြင်း-သေးခြင်း (ဂြိုဟ်၏ ဒြပ်ဆွဲမှုပမာဏ များခြင်း-နည်းခြင်း) ကမူ ထိုခြေချဂြိုဟ်၏ ဒြပ်ထုပမာဏအပေါ်၌လည်း မူတည်၏။
ယေဘုယျ သင်္ကေတ
a
SI ယူနစ်(မီတာ အစား စက္ကန့်၂ထပ်) m/s2 ; m·s−2; m s−2]]
SI ဒိုင်မင်းရှင်းL/T^2
Derivations from
other quantities

("အရှိန်" ဟူသော ပညာရပ်သီးသန့်ခွဲလွန်းရန် ရည်ရွယ်ဖူးသည့် မြန်မာဘာသာပြန်ထုံးကြောင့် အရပ်သုံး "အရှိန်အဟုန်" သဘော နှင့် အမှတ်မှားယွင်းတတ်သော) အရာဝတ္ထုတခုခု၏ ရူပဗေဒသုံး အလျင်ပြောင်းနှုန်း ({{lang-en|accelertion) ဆိုသည့် အခြင်းအရာမှာ ၎င်းဝတ္ထု ရွေ့လျားနေနှုန်းအချိန်နှင့် အမျှ ပြောင်းလဲနေနှုန်း ဖြစ်၏၊ အချိန် (တစ်စက္ကန့်)လျှင် မည်မျှသော အလျင်ပမာဏ Δ ပြောင်းလဲနေသနည်း ဟူသော နှုန်းထားမျိုး ရှိ၍ စံယူနစ်မှာ ( အတွင်းပြောင်းလဲမည့် အရေအတွက် ပမာဏ ဟူသည်မျိုး) ဖြစ်ချေ၏။

နျူတန်ပျိုး ရူပဗေဒ အတွင်း၌ အလျင်ပြောင်းနှုန်း (veolcity; ) ၏ အချိန်နှင့်အလိုက် ပြောင်းလဲနှုန်း ဖြစ်သည့် အလျင်ပြောင်းနှုန်း (acceleration) မှာ ဤသို့ ဖြစ်မည်။

သို့ဖြင့် ဒြပ်ထုတို့၏ လှုပ်ရှားမှုများကို သင်္ချာနည်းကျ လေ့လာ နယ်ပယ်များတွင် အလျင်ပြောင်းနှုန်း (acceleration) က အခြေခံကျ၊ အသုံးဝင်၏။ ပမာဏ(magnitude) သဘောတရားရော၊ မည်သည့်ဘကိသို့ဟူသည့် ဘက်လှည့်ဦးတည်ချက် (direction) သဘောတရားပါ ပါရှိနေ၍ ယူကလစ်ဒ် စပေစ့်တွင်း ဗှတ္တာများ ဖြစ်လေ၏။ [၁][၂]
အလျင်ပြောင်းနှုန်း (acceleration) ကို တွက်ချက်နည်းမှာ ဖြစ်သည်။ ဤတွင် က အလျင်ပြောင်းနှုန်း (acceleration) ဖြစ်သည်၊ က အလျင်တမွတ်စိတ် ပြောင်းလဲသွားမှုပမာဏ က အချိန်တမွတ်စိတ် ကုန်ဆုံးမှုပမာဏ ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် အလျင် (velocity) ၏ အချိန်နှင့် အလိုက်ပြောင်းလဲနှုန်း () မှာ အလျင်ပြောင်းနှုန်း (acceleration) ဖြစ်တော့သည်။


သာဓကအားဖြင့် ကားတစ်စီးက ရပ်ထားရာမှ သူရဲ့အလျင်က တဖြည်း⁠ဖြည်းချင်းမြှင့်တက်လာရာ ၅ စက္ကန့်အတွင်းမှာ ၁၀ မီတာ/စက္ကန့်ကို ရောက်သွားသည်ဟု ဆိုပါစို့။ ကနဦးအလျင်မှာ သုည ဖြစ်ရာ ၅ စက္ကန့်အတွင်း တိုးပွားသွားသော အလျင်သည် (၁၀ -၀) = ၁၀ မီတာ/စက္ကန့် ဖြစ်သည်။ ဆိုလိုသည်မှာ အလျင်သည် (10ms-1/5s) = 2ms-2 နှုန်းအတိုင်းပြောင်းလဲသွားသည်ဟု ဆိုလိုသည်။ ထို 2ms-2 ကို ကား၏ အရှိန်ဟု ဆိုနိုင်သည်။ ထိုကြောင့် အလျင်ပြောင်းနှုန်းဆိုသည်မှာ အချိန်နှင့်အမျှ ပြောင်းလဲသွားသော အလျင်၏နှုန်းဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။[၃][၄]

ပျမ်းမျှအလျင်ပြောင်းနှုန်း[ပြင်ဆင်ရန်]

ပျမ်းမျှအလျင်ပြောင်းနှုန်း (average acceleration) ဆိုသည်မှာ ပြောင်းလဲသွားသော အလျင်v) ကို အချိန်အပိုင်းအခြားt) စားခြင်းကို ဆိုလိုသည်။

ရုတ်ချည်း အလျင်ပြောင်းနှုန်း[ပြင်ဆင်ရန်]

ရုတ်ချည်း အလျင်ပြောင်းနှုန်း (instantaneous acceleration) ဆိုသည်မှာ ပျမ်းမျှအလျင်ကို တိုတောင်းသော အချိန်အပိုင်းအခြားဖြင့် စားသော လစ်မစ်(limit) ကို ဆိုလိုသည်။ ကဲကုလပ် တွင် ထို limit ကို x မှ t သို့ ဆက်စပ်နေသော ပြောင်းလဲနှုန်း (Derivative) ဟုခေါ်သည်။

ဒီနေရာတွင် အလျင်သည် vx=dx/dt ဖြစ်သည်။ ထိုကြောင့် အလျင်ပြောင်းနှုန်းသည်-

ဟုလည်းဆိုနိုင်သည်။

ယူနစ်[ပြင်ဆင်ရန်]

အလျင်ပြောင်းနှုန်းဆိုသည်မှာ ပြောင်းလဲသွားသောအလျင်ကို ထို အဖြစ်အပျက်ဖြစ်ပွားခဲ့သော အချိန်နှင့်စားခြင်းကို ဆိုသည်ဟုဆိုခဲ့ပြီးဖြစ်သည်။ အလျင်၏ယူနစ်သည် (L/T) ဖြစ်သည်။ ထိုကြောင့် အလျင်ကို အချိန်နှင့်စားခြင်းဖြစ်သောကြောင့် အရှိန်၏ယူနစ်မှာ (L/T2) ဖြစ်သည်။ ထိုကြောင့် SI ယူနစ်စနစ်အတွက် အလျင်ပြောင်းနှုန်း၏ယူနစ်မှာ (meter per second squared(ms-2)) ဖြစ်သည်။

အလျင်ပြောင်းနှုန်းနှင့် အလျင်တို့၏ ဦးတည်ချက် လက္ခဏာသည် အမြဲတူနေမည်ဟုပြော၍မရပေ။ လက္ခဏာတူနေသောအချိန်၌ အရာဝတ္တု၏ ပိုမြန်လာခြင်းကို ဆိုလို၍၊ လက္ခဏာ မတူသောအချိန်၌ နှေးသွားခြင်းကို ဆိုလိုသည်။

အထူးပုံစံများ[ပြင်ဆင်ရန်]

တသမတ်တည်းသော အလျင်ပြောင်းနှုန်း[ပြင်ဆင်ရန်]

အရာဝတ္တု တစ်ခု၏အလျင်က တူညီတဲ့နှုန်းအတိုင်း ပြောင်းလဲနေသောအခါ၊ အလျင်ပြောင်းနှုန်းက အချိန်တိုင်း၌ တမျိုးတည်း ဖြစ်နေသည်ဟု ဆိုနိုင်သည်။ အရာဝတ္တုတစ်ခုက မျဉ်းဖြောင့်အတိုင်းသွားနေမည်၊ ယင်း၏ဦးတည်ချက်က လည်းပြောင်းမသွား၊ တူညီသည့်အချိန်ပိုင်းတိုင်းမှာလည်း ယင်း၏အလျင်သည် တူညီစွာတိုးနေမည်ဆိုပါက၊ ယင်းအရာဝတ္တုမှာ တသမတ်တည်းသော အလျင်ပြောင်းနှုန်း (uniform accelration) ရှိသည်ဟုဆိုနိုင်သည်။

ထိုသို့ အလျင်ပြောင်းနှုန်း တသမတ်တည်းရှိချိန်တွင် တွက်၍ရသော ပုံသေနည်းတချို့ကို ဖော်ပြထားသည်။

where

= displacement
= initial velocity
= final velocity
= uniform acceleration
= time.


အကိုးအကား[ပြင်ဆင်ရန်]

  1. Bondi၊ Hermann (1980)။ Relativity and Common Sense။ Courier Dover Publications။ pp. 3ISBN 978-0-486-24021-3
  2. Lehrman၊ Robert L. (1998)။ Physics the Easy Way။ Barron's Educational Series။ pp. 27ISBN 978-0-7641-0236-3
  3. Bondi၊ Hermann (1980)။ Relativity and Common Sense။ Courier Dover Publications။ pp. 3ISBN 978-0-486-24021-3
  4. Lehrman၊ Robert L. (1998)။ Physics the Easy Way။ Barron's Educational Series။ pp. 27ISBN 978-0-7641-0236-3